"ကျွန်တော်က ပုတီးလည်းစိပ်တယ်၊ ဓားလည်းကိုင်တယ်" ဆိုတဲ့ ထူးအယ်လင်း-------- အကုန်သိသတင်းဌာန ---------“လူကိုလူလို မြင်တတ်ဖို့ အရေးကြီးတယ်။ လူစိတ်မွေးဖို့ လိုတယ်။ ကျွန်တော်တို့က ပတီးလည်းစိပ်တယ်၊ ဓားလည်းကိုင်တယ်။ ပရိသတ်ကို လေးစားလွန်းလို့ လူမှုရေးအလုပ်တွေ လုပ်နေတာ။ ဒါကြောင့် အကောင်းမြင်စိတ်လေးရှိကြဖို့ အတွေ့အကြုံနဲ့ရင်းပြီး အခွေထုတ်လိုက်တာ” ဆိုပြီး ထူးအယ်လင်း သူ့အခွေမိတ်ဆက်ပွဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။ရိုက်ကူးမေးမြန်း - နွယ်ဏီ၊ သိမ့်အေးချမ်း၊ တည်းဖြတ် - ပြည့်စုံ
ဂီတအစည်းအရုံးသက်ကြီးပူဇော်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်လှူဒါန်း
ဂီတအစည်းအရုံးသက်ကြီးပူဇော်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်လှူဒါန်း------ အကုန်သိ အနုပညာ ------မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဗဟိုမှ နှစ်စဉ်ကျင်းပတဲ့ သက်ကြီးပူဇော်ပွဲမှာ အသက်ကြီး ဂီတပညာရှင် ၁၂၉ ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက လာရောက်ကန်တော့ခဲ့ပါတယ်။ ရိုက်ကူးမေးမြန်း - နွယ်ဏီ၊ မေနိုင်း၊ တည်းဖြတ် - ရဲထက်
မအူပင်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦး ကြိုးဆွဲချသေဆုံးသွား
မအူပင်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦး ကြိုးဆွဲချသေဆုံးသွား------ အကုန်သိ မှုခင်း ------ဧရာဝတီတိုင်း၊ မအူပင်မြို့၊ ပေါ်တော်မူဘုရားအနီးက ဘက်ဖက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးဟာ လင်မယားချင်းလည်း ရန်ဖြစ်မထားဘဲနဲ့ ကြိုးဆွဲချသေဆုံးသွားခဲ့တယ်လို့ မအူပင်မြို့မရဲစခန်းက အတည်ပြုပါတယ်။ ဒီနေ့မနက်ခင်းမှာ ဖြစ်ပွားသွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲအရာရှိက အခုလို ပြောပါတယ်။တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
VID_276341127_031856_194.mp4
VID_276341127_031856_194.mp4
VID_276341127_031856_194.mp4
00:00:20Смотреть онлайн
ကရင်ဒုံးယိမ်းပြိုင်ပွဲတွေ လျော့နည်းလာတဲ့ အကြောင်းအရင်း
ကရင်ဒုံးယိမ်းပြိုင်ပွဲတွေ လျော့နည်းလာတဲ့ အကြောင်းအရင်း-------- အကုန်သိသတင်းဌာန --------ကရင်ပြည်နယ်နေ့ တိုင်းမှာ နှစ်စဉ်လိုလို လာရောက်ယှဉ်ပြိုင်ကြတဲ့ ဒုံးယိမ်းပြိုင်ပွဲဝင်အဖွဲ့ တွေဟာ (၆၃) နှစ်မြောက်မှာတော့ လျော့နည်းလာတယ်လို့ သိရပါတယ်။ အထူးသဖြင့် (၁၃) ဖွဲ့ တည်းသာ လာပြိုင်တော့တဲ့အထိ ဖြစ်သွားတာကို ဒေသခံ သက်ကြီးပိုင်း ရှေ့ မီနောက်မီ ပုဂ္ဂိုလ်အချို့ က ထုတ်ပြောလာပါတယ်။ ရိုက်ကူးမေးမြန်း - စောဘောသိုလ် ၊ တည်းဖြတ် - ဆလိုင်းကျော်မိုး
တပ်မတော်သားအချင်း ဓါးထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံး
တပ်မတော်သားအချင်း ဓါးထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံး------ အကုန်သိ မှုခင်း ------ညပိုင်း လုံခြုံရေးကင်းစောင့်ဖို့ တပ်မတော်သားတစ်ဦးကို သွားရောက်နှိုးရာကနေ စိတ်ဆိုးဒေါသထွက်ပြီး အချင်းချင်းဓါးထိုးမှုဖြစ်သွားခဲ့ပါတယ်။ ဇန်န၀ါရီလ ၁ ရက်က ဂျိုင်းမြစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ဒီလူသတ်မှုအကြောင်းကို တင်ဆက်လိုက်ရပါတယ်။တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
မကစ် တစ်သက်စာအတွက် တာဝန်ယူပြီး သမီးဖြစ်သူပါ မြေတောင်မြှောက်ပေးမယ့် ခင်သဇင်
မကစ် တစ်သက်စာအတွက် တာဝန်ယူပြီး သမီးဖြစ်သူပါ မြေတောင်မြှောက်ပေးမယ့် ခင်သဇင်-----— အကုန်သိ အနုပညာ —----ကိုယ့်ရှေ့မှာ သေခါနီး အားကိုးရာမဲ့နေတဲ့ မိန်းမတစ်ယောက်ကို ပစ်မထားနိုင်ခဲ့လို့ မကစ် ကံကုန်တဲ့အထိ တာဝန်ယူမယ်ဆိုတဲ့ သရုပ်ဆောင် ခင်သဇင်က မကစ် တစ်သက်စာအတွက် ၁၂ လ ပုံမှန်လှူဒါန်းပေးမယ့် အလှူရှင်တွေ ရှာဖွေခဲ့ရာ ၁၁ ယောက် ပေါ်ထွက်လာခဲ့ပြီလို့ ဆိုပါတယ်။မကြာခင် ဆယ်တန်း စာမေးပွဲဖြေဆိုတော့မယ့် သမီးဖြစ်သူရဲ့ အနာဂတ်အတွက်လည်း ကြိုတွေးထားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့လူတစ်ယောက် ဖြစ်အောင် သင်ပေးချင်ကြောင်းလည်း အခုလို ပြောလိုက်ပါတယ်။ရိုက်ကူးမေးမြန်း - ပြည့်စုံ၊ နွယ်ဏီ၊၊ တည်းဖြတ် - ထက်ပိုင်စိုး
VID_41120327_161144_471.mp4
VID_41120327_161144_471.mp4
VID_41120327_161144_471.mp4
00:00:14Смотреть онлайн
ကထိန်ပွဲမှာ ညဘက် အုပ်စုဖွဲ့ TV ကြည့်တဲ့ကိစ္စနဲ့ ဓါးထိုးလူသတ်မှုဖြစ်
ကထိန်ပွဲမှာ ညဘက် အုပ်စုဖွဲ့ TV ကြည့်တဲ့ကိစ္စနဲ့ ဓါးထိုးလူသတ်မှုဖြစ်------ အကုန်သိ Crimes ------ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှာ ကထိန်ပွဲကျင်းပဖို့အတွက် ညဘက်စောင့်တဲ့လူတွေ ပျင်းလို့ အုပ်စုဖွဲ့ TV ကြည့်တာနဲ့ ပတ်သက်ပြီး ဓါးထိုးလူသတ်မှု ဖြစ်ပွားသွားခဲ့ပါတယ်။တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သီဟ
video-7b1c80f70e99a66f38d411276dc6321b-V.mp4
video-7b1c80f70e99a66f38d411276dc6321b-V.mp4
video-7b1c80f70e99a66f38d411276dc6321b-V.mp4
00:02:07Смотреть онлайн
၂၄ နာရီအတွင်း အနုပညာရှင်တွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုဖြစ်ရပ်များ (၂၉၆)
၂၄ နာရီအတွင်း အနုပညာရှင်တွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုဖြစ်ရပ်များ (၂၉၆)--------- Cele 24 ---------(၁) အကြီးအကျယ်ကို Sexy ဆန်ဆန် ခါပြ ဒွန့် ပြနေတဲ့ အပျိုကြီး ပိုပို(၂) ကလေးငယ်တွေကို ဟောလိုးဝင်းနဲ့ အတူ သရဲခြောက်ပြတဲ့ စမိုင်းလ်(၃) လ၀န်းလေးနဲ့ တူခိုင်းတဲ့ Sexy မော်ဒယ် စူးရှထက်(၄) ပြိုင်ကားဒရစ်ဆွဲပြီး မိုက်ပြနေတဲ့ မော်ဒယ် တိုင်ရွန်Cele 24 အစီအစဉ်ကို ညစဉ်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
ဗုဒ္ဓဟူးသားသမီးတွေ သူတစ်ပါးပြသနာမှာ ကြားညပ်တတ်တယ်
ဗုဒ္ဓဟူးသားသမီးတွေ သူတစ်ပါးပြသနာမှာ ကြားညပ်တတ်တယ်-------- အကုန်သိ ဗေဒင် --------ဒီရက်ပိုင်း အဖက်ဖက်ကနေ ကံဇာတာတွေ ပွင့်နေတတ်ပါတယ်။ လုပ်ငန်းသစ် နေရာသစ်အတွက် အစပြုနိုင်ပါပြီ။ မိတ်ဆွေရင်းနဲ့ ဆရာသမားရင်းတွေက အထင်အမြင်လွဲတတ်ပါတယ်။ သူတစ်ပါး ပြသနာမှာ ကြားညပ်တတ်ပါတယ်။ ငွေကြေးကိစ္စ အ၀င်အထွက် များနေတတ်တယ်။အကုန်သိဗေဒင် အစီအစဉ်ကို နံနက်(၇) နာရီတိုင်း တင်ဆက်ပေးနေပါသည်။
အရစ်ကျဝယ်ထားတဲ့ ဘက်ဖိုး ငွေမသွင်းနိုင်လို့ ပြန်အပ်လိုက်ရ
အရစ်ကျဝယ်ထားတဲ့ ဘက်ဖိုး ငွေမသွင်းနိုင်လို့ ပြန်အပ်လိုက်ရ------— အကုန်သိသတင်းဌာန —-------မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘက်ကနေ ရံပုံငွေနဲ့  မြို့ နယ်အချို့ ဆီကို ဖွံ့ ဖြိုးရေးအတွက်သုံးဖို့ ချထားပေးတာမှာ မင်းလှမြို့ အတွက် လိုအပ်နေတဲ့ ဘက်ဖိုးတွေ အရစ်ကျဝယ်ယူခဲ့ပါတယ်။ ဒီလိုဝယ်ယူတာမှာ ငွေကြေး အရစ်ကျမဆပ်နိုင်တော့လို့ ဘက်ဖိုးတစ်စီးကို ပြန်အပ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဒီလိုအပ်လိုက်ရတဲ့အတွက်လည်း နိုင်ငံတော်က ငွေတွေဆုံးရှုံးသွားတယ်လို့ ဘက်ဖိုးဝယ်ယူရေးကော်မတီဘက်က ဖွင့်ဟ ၀န်ခံလာပါတယ်။ ရိုက်ကူး - သက်နောင်(မင်းလှ) ၊ တည်းဖြတ်တင်ဆက် - ဆလိုင်းကျော်မိုး
VID_41120718_084406_947.mp4
VID_41120718_084406_947.mp4
VID_41120718_084406_947.mp4
00:00:13Смотреть онлайн
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အနုပညာရှင်တွေ ဘာဖြစ်ပြန်ပြီလဲ(၂၅၉)
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အနုပညာရှင်တွေ ဘာဖြစ်ပြန်ပြီလဲ(၂၅၉) --------- အကုန်သိသတင်းဌာန ---------(၁) သမီးမိန်းကလေးအဖေ ဖြစ်သွားတဲ့ လူရွှင်တော်ကြာစိ(၂) ချစ်သူရဲ့ Birthday Surprise တွေကို ပြန်လည်ကြည်နူးနေတဲ့ ကောင်းပြည့်(၃) ကြော်ငြာရိုက်ကွင်းမှာ ပျော်ရွှင်စွာ ကခုန်နေတဲ့ နန်းစန္ဒာလှထွန်း(၄) မွေးနေ့မှာ Owntune သီချင်းတစ်ပုဒ် တင်ခဲ့တဲ့ ငဲငယ်လေးCele 24 အစီအစဉ်ကို ညစဉ်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
မှန်​လိုက်​​တေ
မှန်​လိုက်​​တေ
မှန်​လိုက်​​တေ
00:04:49Смотреть онлайн
ဆြာ​ဂျော်
VID_121541120_084550_434
VID_121541120_084550_434
VID_121541120_084550_434
00:00:11Смотреть онлайн
ကျူရှင်စနစ်တွေ ပပျောက်နိုင်မယ့် နည်းလမ်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ
ကျူရှင်စနစ်တွေ ပပျောက်နိုင်မယ့် နည်းလမ်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ------ အကုန်သိသတင်းဌာန ------"ကျူရှင်ဖြစ်ပေါ်လာတာက ဆရာ၊ ဆရာမတွေနဲ့လည်း ဆိုင်တယ်။ မိဘတွေနဲ့လည်းဆိုင်တယ်၊ စနစ်နဲ့လည်းဆိုင်တယ်။ စနစ်ကတော့ ကျွန်မတို့ အစိုးရရဲ့တာဝန် ဖြစ်ပါတယ်။ ကျန်တာတော့ ကိုယ့်အပိုင်းကိုယ် တာဝန်ယူရပါမယ်" လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။တည်းဖြတ် - သားကို
MRTV - 4 ဆရာတော်ကို တရားစွဲလိုက်ပြီ
MRTV - 4 ဆရာတော်ကို တရားစွဲလိုက်ပြီ----- အကုန်သိသတင်းဌာန -----အိမ်ကိုသွားရင် လူဝတ်လဲတယ်၊ အပြင်ထွက်ရင် ရဟန်းဝတ်တယ်။ ဓမ္မပူဇာငွေကို တစ်နှစ်စု၊ အိမ်ထောင်ပြုမယ်ဆိုတဲ့ MRTV - 4 ဆရာတော်ရဲ့ လုပ်ရပ်တွေက ဗုဒ္ဓဘာသာကို တခြားဘာသာဝင်တွေက အထင်သေးစေတာကြောင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်တယ်လို့ ကိုသက်မျိုးဦးက ပြောပါတယ်။ရိုက်ကူး/မေးမြန်း/တည်းဖြတ် - သီဟ
ကျောက်ကလပ် စေတီတွင် ၂၂ ကြိမ်မြောက် ကရင်ရိုးရာ လက်ချည်ပွဲ ကျင်းပ
ရိုက်ကူး/တည်းဖြတ် - စောဘောသိုလ်၊ကိုမိုးတင်ဆက်- အိဖြူသိမ့်
မိတ္ထီလာ ကန်ဖားကောက်ခဲ့ပါ့ကွယ်
ငယ်ငယ်က ဖေဖေမေမေ ချေည့သိပ့် ခဲ့တဲ့ဒီသီချင်းကို နားထောင်ပြီး အိပ်တော့မယ်
ဇနီးနဲ့ကလေး ၂ ဦးကို ၁၀ ပေါင်တူဖြင့်ထုပြီး ကိုယ့်လည်ပင်းကို ဓါးနဲ့ပြန်လှီးတဲ့ အမျိုးသား
ဇနီးနဲ့ကလေး ၂ ဦးကို ၁၀ ပေါင်တူဖြင့်ထုပြီး ကိုယ့်လည်ပင်းကို ဓါးနဲ့ပြန်လှီးတဲ့ အမျိုးသား------- အကုန်သိ Crimes -------ကျိုင်းတုံမြို့နယ်မှာ အရက်ကြောင်နေတဲ့ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ သားသမီး ၂ ဦးကို ၁၀ ပေါင်တူဖြင့် ထုသတ်လိုက်ရာ သားဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - ကိုမိုး
စီးပွားရေးလုပ်ရမှာကို မရှက်ဘူး၊ ငယ်ငယ်ကလည်း လုပ်ဖူးတယ် - မြတ်ကေသီအောင်
စီးပွားရေးလုပ်ရမှာကို မရှက်ဘူး၊ ငယ်ငယ်ကလည်း လုပ်ဖူးတယ် - မြတ်ကေသီအောင်-------- Business Talk --------" အသက်ကလည်း နည်းနည်း အရွယ်ရလာပြီဆိုတော့။ အစ်မတို့ သရုပ်ဆောင်လောကကလည်း ဒီလိုပဲ နောက်က တက်လာရင် ရှေ့ ကဖယ်ပေးရတာဆိုတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲလေ။ ထူးထူးခြားခြားကြီး မဟုတ်တဲ့အတွက် အသက်ကြီးလာရင် စီးပွားရေးတစ်ခုတော့ ရှိသင့်တယ်လို့ ထင်ပြီး ဒါလေး လုပ်လိုက်တာပါ " - သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရိုက်ကူးမေးမြန်းတည်းဖြတ် - နွယ်ဏီ ၊ ပြည့်စုံ#အကယ်ဒမီ #မြတ်ကေသီအောင် #စီးပွားရေး
နည်းပညာတက္ကသိုလ်တွေကို မြို့အပြင်ထုတ်ရခြင်းရဲ့ အကျိုးဆက်က ဘာဖြစ်မလဲ
နည်းပညာတက္ကသိုလ်တွေကို မြို့အပြင်ထုတ်ရခြင်းရဲ့ အကျိုးဆက်က ဘာဖြစ်မလဲ------- Education Talk ------ပြည်ပနိုင်ငံတွေက တက္ကသိုလ်တွေကို မြို့နဲ့အလှမ်းဝေးတဲ့ နေရာတွေမှာ တည်ဆောက်ကြသလို မြန်မာနိုင်ငံမှာလည်း နည်းပညာတက္ကသိုလ်တွေကို ထို့နည်းတူ တည်ဆောက်ထားကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ကျောင်းသူကျောင်းသားတွေအတွက် မြို့တစ်မြို့သဖွယ် တည်ထားပေးတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ရော ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလဲဆိုတာကို မှော်ဘီနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က အခုလို ဆွေးနွေးပေးထားပါတယ်။ရိုက်ကူး - မင်းသီဟန်၊ တည်းဖြတ် -ကိုမိုး
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၂၄)
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၂၄)------- Crimes 24 --------(၁) ၁၆ နှစ်မိန်းကလေးကို ငွေနဲ့မရလို့ အတင်းအဓမ္မကျင့်လိုက်တဲ့ အိမ်ထောင်သည်ယောက်ျား(၂) တပ်ဖွဲ့ဝင်တစ်ဦးကို အနီးကပ်လုပ်ကြံတဲ့ မသင်္ကာသူ၇ ဦးကို မိပြီ(၃) ၁၃ နှစ်မိန်းကလေးကို ၆ ရက်ကြာပေါင်းသင်းပြီးမှ ပြန်လွှတ်သူကို ဖမ်းဆီး(၄) ဆိုင်ကယ်စီးကြမ်းသူနှစ်ယောက် ယာဉ်တိုက်မှုနဲ့ သေဆုံးပြီး အမှုပါဖွင့်ခံရCrimes 24 အစီအစဉ်ကို ညစဉ်(၉)နာရီတိုင်းပုံမှန်တင်ဆက်ပေးနေပါသည်။
ပြည်သူတွေကို ခြိမ်းခြောက်ပြီး ငွေညစ်တောင်းခံတဲ့အဖွဲ့ ဖမ်းဆီးခံရ
ပြည်သူတွေကို ခြိမ်းခြောက်ပြီး ငွေညစ်တောင်းခံတဲ့အဖွဲ့ ဖမ်းဆီးခံရ------ အကုန်သိ မှုခင်း ------မှုခင်းသတင်းစုံနှင့် အွန်လိုင်းသတင်း အေဂျင်စီ၊ နေပြည်တော်တိုင်းမီဒီယာအဖွဲ့ကလို့ ဆိုတဲ့ လူအုပ်စု ၁၀ ဦးဟာ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးသစ်တောကြိုးဝိုင်းအတွင်းသို့ ရောက်လာပြီး မီးသွေးဖုတ်လုပ်ငန်းနဲ့ ၀ါးလုပ်ငန်း လုပ်ကိုင်သူတွေကို ဓါတ်ပုံရိုက်ခြင်း၊ အိုးခွက်ပန်းကန်ရိုက်ခွဲခြင်းတွေ ပြုလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံကို နားဆင်ကြည့်နိုင်ပါပြီ။တင်ဆက် - အိဖြူသိမ့် ၊ တည်းဖြတ် - ထက်ပိုင်စိုး
ဘင်္ဂလားဒေ့ရှ်တွင်ပြစ်မှုကျုးလွန်လာသူများက မြန်မာ၌ မော်လ၀ီယောင်ဆောင်
ဘင်္ဂလားဒေ့ရှ်တွင်ပြစ်မှုကျုးလွန်လာသူများက မြန်မာ၌ မော်လ၀ီယောင်ဆောင်-------- အကုန်သိသတင်းဌာန --------ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြစ်မှုကျုးလွန်ပြီး ထွက်ပြေးလာသူတွေက ဒီဘက်မှာလာပြီး မော်လ၀ီတွေအဖြစ်နဲ့ နေတယ်။ ဘာသာရေးကို နွယ်ပြီး ကိုရမ်ကျမ်းကိုင်ခိုင်းပြီး သူတို့ ကို သစ္စာခံခိုင်းတာ။ ကျွန်တော်တို့ ဟာ ဘင်္ဂါလီအရေး မီဒီယာစစ်ပွဲမှာ ရှုံးတယ်။ ကျွန်တော်တို့ ဘက်က ဘာမှမတုံ့ ပြန်ဘဲ နေခဲ့ရင် အနောက်ဘက်က မီဒီယာတွေက အင်အားပိုကြီးကြီးနဲ့ ဖိအားပေးလာရင် ... ။ - ဦးသိန်းထွန်းဦး (သေနင်္ဂ မဟာဗျုဟာလေ့လာရေးအဖွဲ့ )ရိုက်ကူး - အောင်သူရိန် ၊ တည်းဖြတ် - သားကို
အားနည်းချက်ကို ချစ်ပြီး မြတ်နိုးတန်ဖိုးထားရင် ရွေးချယ်မယ်ဆိုတဲ့ လုလုအောင်
အားနည်းချက်ကို ချစ်ပြီး မြတ်နိုးတန်ဖိုးထားရင် ရွေးချယ်မယ်ဆိုတဲ့ လုလုအောင်------- အကုန်သိ အနုပညာ -------"ခေးကြီးလု" ဆိုပြီး ပုရိသတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားခဲ့တဲ့ မော်ဒယ် လုလုအောင်က လက်ရှိမှာ တစ်ယောက်တည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ အပျိုမဟုတ်ဘဲ ကလေးအမေဖြစ်နေတဲ့ အားနည်းချက်ကို ချစ်ပြီး တန်ဖိုးထားရင်တော့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သွားမယ်လို့ ပြောလိုက်ပါတယ်။မေးမြန်း - နွယ်ဏီ၊ ရိုက်ကူး/တည်းဖြတ် - ထက်ပိုင်စိုး
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၀၈)
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၀၈)------- Crimes 24 --------(၁) တစ်ရွာတည်းနေ ညီအစ်ကိုနှစ်ယောက်က အဓမ္မကျင့်တယ်ဆိုပြီး ကလေး ၇ ယောက်မိခင် အမှုဖွင့်(၂) ADG ဘဏ်မန်နေဂျာ အလုပ်ထုတ်ခံရပြီးနောက် ကြိုးဆွဲချသေဆုံး(၃) သရုပ်ဆောင်နဲ့အပေါင်းအပါတစ်ဦး မူးယစ်ဆေးဝါးတွေ့ရှိမှုနဲ့ ဖမ်းဆီး(၄) မင်းလှမြို့မှာ ခိုးဝင်ဘင်္ဂါလီ အမျိုးသား၎ ဦးဖမ်းဆီးမှုCrimes 24 အစီအစဉ်ကို ညစဉ်(၉)နာရီတိုင်းပုံမှန်တင်ဆက်ပေးနေပါသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံကြား တရားမ၀င် ကုန်ကူးသူတွေကို ဖမ်းဆီး
ထိုင်း-မြန်မာ နှစ်နိုင်ငံကြား တရားမ၀င် ကုန်ကူးသူတွေကို ဖမ်းဆီး------- အကုန်သိ မှုခင်း -------ဂျပန်ကားနဲ့ ဆိုင်ကယ်တွေကို မြန်မာနိုင်ငံအတွင်း တင်သွင်းမယ့်လူတွေနဲ့ မြန်မာနိုင်ငံမှ ပြောင်းဆန် တန် ၁၀၀ ကျော်ကို ထိုင်းဘက် တရားမ၀င်တင်ပို့သူတွေကို ဇန်န၀ါရီ ၇ ရက်က ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံသားအကျိုးစီးပွားအတွက် ဖမ်းဆီးခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - သူရိန်
မင်းသွေးကို မျက်ရည်တွေနဲ့ မတားချင်တော့ဘူး - စည်ဖြိုး
မင်းသွေးကို မျက်ရည်တွေနဲ့ မတားချင်တော့ဘူး - စည်ဖြိုး ------- အကုန်သိ ဆယ်လီ --------မင်းသွေးရဲ့ အချစ်ဆုံးအပေါင်းအသင်းထဲက တစ်ယောက်ဖြစ်တဲ့ စည်ဖြိုးက မင်းသွေးမကွယ်လွန်ခင်မှာ မင်းသွေးဖြစ်ချင်တဲ့ဆန္ဒတွေကို လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် မင်းသွေးဟာ ကောင်းရာမွန်ရာကို သွားတာဖြစ်တဲ့အတွက် မျက်ရည်တွေနဲ့ မတားချင်တော့ပါဘူးလို့ လည်း ပြောပါတယ်။ ရိုက်ကူး - ထက်ပိုင်စိုး ၊ ကြယ်စင်သိဏ်း ၊ တည်းဖြတ် - သားကို
မသန်းစွမ်းသူတွေနဲ့ မိုင်းဒဏ်ထိခိုက်သူတွေကို ကူညီပေးရေး ဆွေးနွေးပွဲ
မသန်းစွမ်းသူတွေနဲ့ မိုင်းဒဏ်ထိခိုက်သူတွေကို ကူညီပေးရေး ဆွေးနွေးပွဲ-------- အကုန်သိသတင်းဌာန -------“ဒီဘ၀ကို သူတို့ဗြုန်းစားကြီး ခါးသီးစွာ ရင်ဆိုင်ရတဲ့အတွက် စိတ်ဓာတ်တွေကျသွားမယ်။ မလုပ်ချင် မကိုင်ချင်စိတ်တွေလည်း ရှိလာတယ်။တစ်ချို့ လုပ်ချင်ကိုင်ချင်တဲ့သူတွေကျတော့လည်း သူတို့ရဲ့ အလုပ်အကိုင်အခွင့်အရေးတွေ မရကြဘူး။ အထူးသဖြင့် စားဝတ်နေရေးအသက်မွေးဝမ်းကျောင်းအတွက်ဆိုရင်လည်း လိုအပ်တဲ့ ပစ္စည်းလေးတွေကိုလည်း မရရှိကြဘူး။ အဲလိုမျိုးတွေ ရင်ဆိုင်ကြုံတွေ့ကြရတယ်”ရိုက်ကူး - စောဘောသိုလ်၊ တည်းဖြတ် - ကိုမိုး
သတင်း ဖတ်မည် - Live
သတင်း ဖတ်မည် - Live
သတင်း ဖတ်မည် - Live
00:00:01Смотреть онлайн
ပြည်တွင်းပြည်ပသတင်းကောင်းများစုစည်းတင်ဆက်မှု - ည(၈)နာရီရုပ်သံ
ပြည်တွင်းပြည်ပသတင်းကောင်းများစုစည်းတင်ဆက်မှု - ည(၈)နာရီရုပ်သံ---------- အကုန်သိသတင်းဌာန ---------(၁) သီလ၀ါအထူးစီးပွားရေးဇုန်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ဟု ဆို(၂) မီ ဇာတ်ကားကို ငွေကြောင့်လက်ခံသည်ဟု ဝေဖန်ခံရမှု ပိုင်ဖြိုးသု မျက်ရည်ကျ(၃) လူ့ အခွင့်အရေးဆိုင်ရာဆုကို ဒေါ်အောင်ဆန်းစုကြည်ထံမှ AI ပြန်ရုပ်သိမ်း(၄) အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဘင်္ဂါလီအမျိုးသမီးတစ်ဦး လိမ်လည်တိုင်တန်း(၅) ဂါဇာနယ်စပ်ကို စစ်အင်အားတိုးချဲ့ တင်ပို့ ပြီး စစ်ပွဲအတွက် အစ္စရေး ပြင်ဆင်
ဗုဒ္ဓဟူးသားသမီးများ ထွက်နေတဲ့ငွေတွေ ပြန်ဝင်မည်
ဗုဒ္ဓဟူးသားသမီးများ ထွက်နေတဲ့ငွေတွေ ပြန်ဝင်မည်------ အကုန်သိ ဗေဒင် ------ဒီရက်ပိုင်းမှာ သူတစ်ပါးက မနာလိုဖြစ်လောက်အောင် လုပ်ငန်းတွေ အောင်မြင်မယ်။ အလှအပ၊ တိရစ္ဆာန်မွေးမြူခြင်း၊ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ခြင်းတွေ ကောင်းတယ်။ မိတ်ဟောင်း၊ ဆရာသမားဟောင်းတွေနဲ့လည်း ပြန်ဆုံတတ်တယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ၀င်တတ်တယ်။ သတိထားပါ။အကုန်သိ ဗေဒင်အစီအစဉ်ကို နံနက်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
14/ တနေရာ
14/ တနေရာ
14/ တနေရာ
00:00:19Смотреть онлайн
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၃၄၇)
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၃၄၇)------- Crimes 24 --------(၁) ဘင်္ဂါလီ(၆)ဦးကို ငဖဲဂိတ်မှာ ဖမ်းဆီးရမိ(၂) သင်္ကန်းအစုံ ၄၀၀ ကျော်ကို ခိုးယူဖို့ ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့(၃) ရဲလုံခြုံရေးယာဉ်တန်းကို ဗီဒီယိုရိုက်သတင်းဖြန့် တဲ့ ရခိုင်သား အဖမ်းခံရ(၄) နေပြည်တော် ပုဗ္ဗသီရိက အနှိပ်ခန်းကို ရဲတပ်ဖွဲ့ ဝင်ဖမ်းCrimes 24 အစီအစဉ်ကိုညစဉ်(၉)နာရီတိုင်းပုံမှန်တင်ဆက်ပေးနေပါသည်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တဲ့ တရုတ်သံအမတ်ကို တုံ့ပြန်မယ့် ပုသိမ်သားများ
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တဲ့ တရုတ်သံအမတ်ကို တုံ့ပြန်မယ့် ပုသိမ်သားများ--------- အကုန်သိသတင်းဌာန ---------၇ နှစ်ကြာ ရပ်ဆိုင်းနေတဲ့ မြစ်ဆုံစီမံကိန်းကို ဆက်လက်အချိန်ဆွဲမည်ဆိုပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံသူ တရုတ်လုပ်ငန်းရှင်များရဲ့ ယုံကြည်မှုကို ထိခိုက်စေမယ်ဆိုပြီး သံအမတ်ကြီးရဲ့ ပြောဆိုမှုကို ပုသိမ်သားတွေက တစ်ချက်ခုတ် နှစ်ချက်ပြတ်အောင် ဆန္ဒပြသွားမယ်လို့ ပြောလိုက်ပါတယ်။သတင်း - ရဲသွေးနီ (ပုသိမ်)၊ တင်ဆက် - ခရေဖူး၊ တည်းဖြတ် - သားကို
ထိုင်းနိုင်ငံက တရုတ်မူးယစ်ရာဇာရဲ့အိမ်ကို ထိုင်းအထူးတပ်ဖွဲ့ ၀င်ရောက်စီးနင်း
ထိုင်းနိုင်ငံက တရုတ်မူးယစ်ရာဇာရဲ့အိမ်ကို ထိုင်းအထူးတပ်ဖွဲ့ ၀င်ရောက်စီးနင်း------ အကုန်သိ မှုခင်း ------ဧက ၂၀ ကျယ်ဝန်းပြီး မြေအောက်ဥမှင်လိုဏ်ခေါင်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့ မူးယစ်ရာဇာတစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ မနက် ၅ နာရီလောက်က ထိုင်းအထူးရဲတပ်ဖွဲ့တွေ ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။ ခြံစောင့်သာ အမိဖမ်းနိုင်ခဲ့ပြီး တရုတ်လူမျိုးမူးယစ်ရာဇာ Sua လွတ်မြောက်သွားတဲ့ ဒီဖြစ်စဉ်ကို ဆက်လက်နားဆင်နိုင်ပါပြီ။သတင်း - ကိုကိုကြီး(မြ၀တီ)၊ တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - ရဲထက်
၂၄ နာရီအတွင်း နိုင်ငံကျော်အနုပညာရှင်တွေ ဘာလုပ်ခဲ့ကြသလဲ (၂၆၅)
၂၄ နာရီအတွင်း နိုင်ငံကျော်အနုပညာရှင်တွေ ဘာလုပ်ခဲ့ကြသလဲ (၂၆၅)-------- Cele 24 ---------(၁) ကွယ်လွန်ပြီဆိုတဲ့ သတင်းကြောင့် လူရွှင်တော်မန်းဝင်း Live လွှင့်ရှင်း(၂) နေခြည်ဦးကို ကိုရီးယား 2NE1 အဖွဲ့ က Gucci Oo လို့ နောက်ပြောင်(၃) ကိုယ်လုံးတီးချွတ်တဲ့ စိန်ခေါ်မှုအတွက် ခေးဆက်သွင် ရင်ပူနေရ(၄) အောင်လကို မနာကျင်စေချင်ဘူးလို့ လက်ဝှေ့ ထိုးလေ့ကျင့်နေတဲ့ ဇာဏ်ခီပြောCele 24 အစီအစဉ်ကို ညစဉ်(၇) နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
VID_118941129_230022_319.mp4
VID_118941129_230022_319.mp4
VID_118941129_230022_319.mp4
00:00:18Смотреть онлайн
၂၄ နာရီအတွင်း အနုပညာရှင်တို့ ၏ ထူးခြားလှုပ်ရှားမှုများ ( ၃၅၀ )
၂၄ နာရီအတွင်း အနုပညာရှင်တို့ ၏ ထူးခြားလှုပ်ရှားမှုများ ( ၃၅၀ )--------- Cele 24 ----------(၁) သားသားပုံမှာ sad react တွေမပေးနဲ့ဆိုတဲ့ ယွန်းဝတီလွင်မိုး(၂) ကော်နီရဲ့ ဆေး သီချင်းနဲ့ Tiktok မှာဆော့နေတဲ့ ခြူးလေး(၃) ခရစ္စမတ်သီချင်းကို ကလေးတွေနဲ့အတူ အော်ဆိုနေတဲ့ အွန်ဆိုင်း(၄) ဒွေးနဲ့ နာမည်ကြီးခဲ့တဲ့ ကြော်ငြာလေးကို ပြန်သရုပ်ဖော်လိုက်တဲ့ ထက်ထက်မိုးဦးCele 24 အစီအစဉ်ကို ညစဉ်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
စနေသားသမီးများအတွက် ဆရာမရွှန်းမြအောင်၏ ဟောကြားချက်
------------ ဗေဒင် -------------" အိမ်အပြောင်းအရွေ့၊ အိမ်ပြင်ဆင်ခြင်းတွေ လုပ်ရတတ်ပါတယ်။ ကိုယ့်ကိုအကျိုးပေးမယ့် ဧည့်သည် အိမ်ကိုရောက်ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် အဆင်ပြေတော့မလိုနဲ့ နောက်ဆုံးတေ့လွဲလေးတွေ လွဲသွားတတ်ပါတယ် ...... "၇ရက်သားသမီးများအတွက် ဆရာမရွှန်းမြအောင်၏ ဟောကြားချက်များကိုနေ့စဉ် နံနက် ၇ နာရီတွင် စောင့်မျှော်ကြည့်ရှု နိုင်ပါပြီ ။
၂၄ နာရီအတွင်းက အနုပညာရှင်တွေရဲ့ အဖြစ်အပျက်များ ( ၂၈၇ )
၂၄ နာရီအတွင်းက အနုပညာရှင်တွေရဲ့ အဖြစ်အပျက်များ ( ၂၈၇ )-------- Cele 24 --------(၁) ဂျပန်မှာ သွားတိုက်ဆေးနဲ့ သွားတိုက်တံ လက်ဆောင်ပေးခံလိုက်ရတဲ့ GFatt(၂) အမေကို နှိပ်ပေးနေတဲ့ မိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူ(၃) ရွှေပိုးအိမ်နဲ့ စံထိပ်ထားဦးတို့ ကလေးဆန်ဆန် Tik Tok ဆော့(၄) ကော်ဇောနီ Show ပွဲမှာ အနီရောင်တွေ လွှမ်းနေတဲ့ မိုးဟေကိုCele 24 အစီအစဉ်ကို ညစဉ်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
၂၄ နာရီအတွင်း အနုပညာရှင်တွေ ဘာလုပ်ခဲ့ကြသလဲ ( ၂၈၆ )
၂၄ နာရီအတွင်း အနုပညာရှင်တွေ ဘာလုပ်ခဲ့ကြသလဲ ( ၂၈၆ )--------- Cele 24 ---------(၁) လေဆိပ်ထဲမှာ မရှက်မကြောက်နဲ့ အပြောင်အပျက်လုပ်ခဲ့တဲ့ ဖြူဖြူထွေး(၂) သီတင်းကျွတ် မီးပုံးလေးတွေနဲ့ တွဲထွက်လာတဲ့ သူရိယတို့ ချစ်သူနှစ်ဦး(၃) ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အဆိုတော် ရွှေထူး ပြောပြီ(၄) ဖုန်းကိုပဲ အာရုံစိုက်နေသူတွေအတွက် ရတနာဗိုလ် လုပ်ပြတဲ့အကွက်Cele 24 အစီအစဉ်ကို ညစဉ်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
VID_299241125_035339_982.mp4
VID_299241125_035339_982.mp4
VID_299241125_035339_982.mp4
00:00:56Смотреть онлайн
VID_41120214_083940_309.mp4
VID_41120214_083940_309.mp4
VID_41120214_083940_309.mp4
00:00:57Смотреть онлайн
စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရုတ်တရက်သေဆုံးသွားတဲ့ ဖြစ်စဉ်
စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရုတ်တရက်သေဆုံးသွားတဲ့ ဖြစ်စဉ်------ အကုန်သိ မှုခင်း ------ယနေ့ (နိုဝင်ဘာလ ၃၀) နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့်ဟာ လယ်ကွင်းထဲမှာ ရေသွင်းနေရင်းနဲ့ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လယ်ကွင်းဟာ နေအိမ်နဲ့ တစ်မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပြီး ဦးသန်းညွန့်မှာလည်း ပြင်ပဒဏ်ရာမရှိဘဲ မှောက်လျက်အနေအထားနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။တင်ဆက် - သိမ့်အေးချမ်း - တည်းဖြတ် - ပြည့်စုံ
စိန်တင်ရွှေ ပတ္တလား.mp4
စိန်တင်ရွှေ ပတ္တလား.mp4
စိန်တင်ရွှေ ပတ္တလား.mp4
00:02:43Смотреть онлайн
VID_41121009_145128_938.mp4
VID_41121009_145128_938.mp4
VID_41121009_145128_938.mp4
00:00:20Смотреть онлайн
ကိုယ့် ခွေးလေးတွေအတွက် အကောင့်(FB)ဖွင့်ထားတာပဲ ရှိတယ် - စံရတီမိုးမြင့်
ကိုယ့် ခွေးလေးတွေအတွက် အကောင့်(FB)ဖွင့်ထားတာပဲ ရှိတယ် - စံရတီမိုးမြင့် -------- အကုန်သိသတင်းဌာန --------စံရတီမိုးမြင့်နဲ့ နာမည်နဲ့ ဖေ့ဘွတ်ပေ့ခ်ျတွေ အများကြီး ဖြစ်နေပေမယ့် ကိုယ်တိုင်ဖွင့်ထားတာ တစ်ခုမှ မရှိဘူးလို့ သရုပ်ဆောင် စံရတီမိုးမြင့်က ပြောပါတယ်။ ကိုယ်တိုင်ဖွင့်ထားတဲ့ အကောင့်ကလည်း မွေးထားတဲ့ခွေးလေးတွေအတွက် ဖွင့်ထားတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ရိုက်ကူးမေးမြန်း - နွယ်ဏီ၊ ထက်ပိုင်စိုး ၊ တည်းဖြတ် - သားကို
------ အကုန်သိသတင်းဌာန ------"ကိုရာဇာက rehearsal မရှိဘူး။ တစ်ခါတစ်ခါ ထ,ဖက်လိုက်တာတို့ ထ,ဆွဲတာတို့ဆိုရင် လန့်သွားတာပေါ့။ သူ့စိတ်ထဲမှာပေါ်တဲ့အတိုင်း လုပ်တာဆိုတော့ မှန်းရခက်တယ်။ စိတ်လည်းလှုပ်ရှားတယ်။ ကြောက်လည်း ကြောက်တယ်" ဆိုပြီး သရုပ်ဆောင် အေးမြတ်သူက '၂၄ နာရီ ၁ ချစ်' ရုပ်ရှင်ကားကြီးမှာ ရာဇာနေ၀င်းနဲ့ တွဲပြီး သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။ရိုက်ကူး - ထက်ပိုင်စိုး၊ ကြယ်စင်သိဏ်းတည်းဖြတ် - သားကို
ဦးဥတ္တမနေ့တွင် အခြားတိုင်းရင်းသားများပါ အလေးထားပါဝင်စေချင်
ဦးဥတ္တမနေ့ အခမ်းအနားတွင် အခြားတိုင်းရင်းသားများပါ အလေးထားပါဝင်စေချင်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတိုက်တွန်း---------- ထက်ဝေလင်း -----------စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပပြုလုပ်မည့် ၇၉ နှစ်မြောက် အသျှင်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများကလည်း အလေးထားပါဝင်ပေးကြရန် ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းလိုက်သည်။ စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် ဓမ္မာရုံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န် ကြီးက ယခုကဲ့သို့တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ရိုက်ကူး/တည်းဖြတ် - သီဟ၊ထက်ဝေလင်း၊ပြည့်စုံ
VID_140241120_141742_904.mp4
VID_140241120_141742_904.mp4
VID_140241120_141742_904.mp4
00:00:14Смотреть онлайн
52717744_548641128978773_4373708039539130368_n.mp4
52717744_548641128978773_4373708039539130368_n.mp4
52717744_548641128978773_4373708039539130368_n.mp4
00:00:59Смотреть онлайн
တစ်ယောက်တည်းနေတာ ပိုလွတ်လပ်တယ်လို့ ပြောတဲ့ နော်ဖောအယ်ထား
တစ်ယောက်တည်းနေတာ ပိုလွတ်လပ်တယ်လို့ ပြောတဲ့ နော်ဖောအယ်ထား---------- အကုန်သိ အနုပညာ ----------အချစ်ရေးနဲ့ ပတ်သက်ရင် ဖူးစာကိုယုံကြည်သလို တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေတာကို ပိုပြီးကြိုက်တယ်လို့  သရုပ်ဆောင် မော်ဒယ် နော်ဖောအယ်ထားက ပြောပါတယ်။ နော်ဖောအယ်ထားမှာ ချစ်သူမရှိသေးဘူးလို့ လည်း ဆိုပါတယ်။ရိုက်ကူး - သိမ့်အေးချမ်း ၊ မေနိုင်း ၊ တည်းဖြတ် - သားကို
အာမခံကြေး များလွန်း၍ နန္ဒမာလာ ညည်းတွား
အာမခံကြေး များလွန်း၍ နန္ဒမာလာ ညည်းတွား----------အကုန်သိ သတင်းဌာန----------ကျပ်သိန်းပေါင်း သောင်းချီကာ လိမ်လည်ခဲ့တယ်ဆိုတဲ့ ယောဂီဝတ်နန္ဒမာလာဟာ လှိုင်မြို့နယ်တရားရုံးမှာ အာမခံပေးမယ့် ကျပ်သိန်း ၅၀၀၀ တန်နှစ်ဦး ရောက်မလာတာကြောင့် ထောင်ထဲမှာ ဆက်နေရဦးမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နန္ဒမာလာက "အာမခံက ၅၀၀၀ တန်ကြီး ဆိုတော့ အဆင်မပြေဘူး" ဆိုပြီး ညည်းတွားပြောသွားခဲ့ပါတယ်။ရိုက်ကူး/တည်းဖြတ် - သီဟ
မော်ဒယ် ဇွန်သံစဉ်နဲ့ သရုပ်ဆောင် မိုးယံဇွန်တို့ ချစ်သူတွေ ဖြစ်နေပြီလား
-------- အကုန်သိသတင်းဌာန ---------လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက မော်ဒယ်အလှမယ် ဇွန်သံစဉ်က သူ့ ရဲ့ အင်စတာဂရမ်ကနေ အမျိုးသားတစ်ဦးရဲ့ ပုံကို မျက်နှာ V ပုံစံဖျက်ပြီး တင်ခဲ့ပါတယ်။ မျက်နှာများတဲ့သူလိုမျိုးလည်း ရေးသားခဲ့သလို မိုးယံဇွန်ကတော့ ချစ်သူသက်တမ်းလို့ ပြောလို့ ရမယ့် စက္ကန့် ၊ မိနစ်၊ နာရီ၊ ရက်သတ္တပတ်၊ လ စတဲ့အမှတ်အသားကို တိတိကျကျ ရေးသားပြီးတော့ချစ်မြတ်နိုးတဲ့အကြောင်း ဇွန်သံစဉ်ကို မန်းရှင်းခေါ်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။ သူတို့ နှစ်ဦး ချစ်သူတွေ ဖြစ်နေပြီလားလို့ မေးမြန်းမှုအပေါ် မိုးယံဇွန်က အခုလို ဖြေပါတယ်။ ရိုက်ကူး/မေးမြန်း - ထက်ပိုင်စိုး၊အိဖြူသိမ့်တည်းဖြတ် - ရဲထက်#မိုးယံဇွန် #ဇွန်သံစဉ် #MoeYanZune #ZunThanZin
ပရဟိတစိတ်
ပရဟိတစိတ်
ပရဟိတစိတ်
00:02:55Смотреть онлайн
မြန်မာနိုင်ငံအတွင်းက တားမြစ်နေရာကို ၀င်ရောက်တဲ့ ဂျာမန်လင်မယား ပြည်နှင်ဒဏ်ပေး
မြန်မာနိုင်ငံအတွင်းက တားမြစ်နေရာကို ၀င်ရောက်တဲ့ ဂျာမန်လင်မယား ပြည်နှင်ဒဏ်ပေး------ အကုန်သိသတင်းဌာန ------ကမ္ဘာလှည့်ခရီးသည်တွေကို ကရင်ပြည်နယ်အတွင်းက ဖာပွန်မြို့နယ်မှာ သွားလာခွင့်မရှိပါဘူးလို့ ပိတ်ပင်တားဆီးထားပါလျက်နဲ့ နှစ်ကြိမ်ကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့တဲ့ ဂျာမန်လင်မယားကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အပြည့်အစုံ နားဆင်ကြည့်နိုင်ပါပြီ။တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
VID_113141123_071401_381.mp4
VID_113141123_071401_381.mp4
VID_113141123_071401_381.mp4
00:00:20Смотреть онлайн
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၆၃)
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၆၃)------- Crimes 24 --------(၁) ဂတ်(စ်)မီးခြစ်ကို ဆော့တဲ့ ၇ နှစ် ကလေး မီးလောင်သေဆုံး (၂) အင်းစိန်မှာ စိတ်ကြွရှုးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းမိ(၃) ဆက်သွယ်ရေး Cable ကြိုးတွေကိုဖြတ်တောက်ခိုးယူတဲ့ လင်မယား(၄) အသက် ၆၀ ကျော် လေဖြတ်ရောဂါသည်တစ်ဦး ကြိုးဆွဲချသေဆုံးCrimes 24 အစီအစဉ်ကို ညစဉ်(၉)နာရီတိုင်းပုံမှန်တင်ဆက်ပေးနေပါသည်။
doc114165366_477241122.mp4
doc114165366_477241122.mp4
doc114165366_477241122.mp4
00:00:13Смотреть онлайн
ဘင်္ဂါလီအရေးမှာ လုပ်စားတဲ့ မြန်မာကအဖွဲ့ တွေအကြောင်း ထုတ်ဖော်
ဘင်္ဂါလီအရေးမှာ လုပ်စားတဲ့ မြန်မာကအဖွဲ့ တွေအကြောင်း ထုတ်ဖော်--------- အကုန်သိသတင်းဌာန ---------" သူတို့ က ပြသနာကြီး ငြိမ်းသွားမှာ ကြောက်နေကြတယ်။ အကုန်လုံး အလုပ်ပြုတ်ကုန်မယ်လေ။ အဲဒီစကား ထွက်လာတယ် " - ဒေါက်တာ အေးချမ်း (ရခိုင်သုတေသီ)" ဘင်္ဂါလီတွေဆိုတာက ဓါးစာခံတွေ၊ သနားစရာတွေ။ ဒါပေမဲ့ လူသားအားဖြင့် သနားစရာကောင်းတယ်ဆိုပြီး ခွေးရူးကိုတော့ အိမ်ပေါ် တင်လို့ မရဘူး " - ဦးသန်းမောင်(စစ်တွေ)ဘင်္ဂါလီအရေးမှာလုပ်စားသူတွေက ဘယ်သူတွေဖြစ်နေလဲဆိုတာ နားဆင်ကြည့်နိုင်ပါပြီ။ရိုက်ကူးမေးမြန်း - မင်းသီဟန် ၊ တည်းဖြတ် - မိုးတိမ်
သောကြာသားသမီးတွေ ရာထူးတိုးခြင်း လစာတိုးခြင်းတွေဖြစ်မယ်
သောကြာသားသမီးတွေ ရာထူးတိုးခြင်း လစာတိုးခြင်းတွေဖြစ်မယ်-------- အကုန်သိ ဗေဒင် --------သောကြာသားသမီးတွေက ဒီရက်ပိုင်းမှာ စိတ်လေနေမယ်၊ စိတ်နှစ်ခွဖြစ်မယ်၊ စိတ်ရှည်ရှည်ထားပေးပါ။ အထင်လွဲမယ်၊ ပြဿနာတွေကြားမှာရောက်နေမယ်၊ အစာမှား ဆေးမှားဖြစ်တတ်ပါတယ်။ အချစ်ရေးမှာ လမ်းခွဲသွားရတဲ့အထိဖြစ်နိုင်တယ်။အကုန်သိဗေဒင် အစီအစဉ်ကို နံနက်(၇) နာရီတိုင်း တင်ဆက်ပေးနေပါသည်။
VID_118741125_215748_970.mp4
VID_118741125_215748_970.mp4
VID_118741125_215748_970.mp4
00:00:57Смотреть онлайн
၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့သော မှုခင်းများ ( ၂၅၀ )
၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့သော မှုခင်းများ ( ၂၅၀ )--------- Crimes 24 ---------(၁) ၁၂ နှစ်သားကို ၅၀ အရွယ်အမျိုးသားက လိင်တူ အဓမ္မပြုကျင့်(၂) နေပြင်းချိန်မှာ ရေခဲရေသောက်ပြီး ခေါင်းဆေးတဲ့ တက္ကစီဆရာ ကွယ်လွန်(၃) သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့လူငယ်ကို ရန်ငြိုးရန်စ မရှိဘဲ ဓါးနဲ့ ဝင်ထိုးသူ(၄) လူလေးဦးက အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်ပွဲCrimes 24 အစီအစဉ်ကို ညစဉ်(၉)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။
ကယ်တင်ပေးပါ
ကယ်တင်ပေးပါ
ကယ်တင်ပေးပါ
00:07:15Смотреть онлайн
ဂျပန်တွေ ကျုးကျော်သိမ်းပိုက်စဉ်က သမိုင်းဝင် ဆွန်းတဲမွန်းအကျဉ်းထောင်
ဂျပန်တွေ ကျုးကျော်သိမ်းပိုက်စဉ်က သမိုင်းဝင် ဆွန်းတဲမွန်းအကျဉ်းထောင်-------- ပျော်ပျော်ပါးပါး ခရီးသွား(၁၄) --------ဂျပန်နိုင်ငံက ကျူးကျော်သိမ်းပိုက်ခဲ့စဉ်မှာ အကျဉ်းသားတွေကို နှိပ်စက်ညှင်းပန်းမှုတွေလုပ်ခဲ့တဲ့ အကျဉ်းထောင်တစ်ခုရှိပါတယ်။ ဒါကတော့ ဒီနေ့ ခေတ်မှာ သမိုင်းဝင်အဖြစ် နာမည်ကျော်ကြားလာတဲ့ ဆွန်းတဲမွန်း အကျဉ်းထောင်ဖြစ်ပါတယ်။ ပျော်ပျော်ပါးပါး ခရီးသွား နှစ်ပတ်တစ်ကြိမ် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ကူးတင်ဆက် - အောင်ထက်နိုင် ၊ တည်းဖြတ်တင်ဆက်အကူ - ပြည့်စုံ
48587183_308241123119521_3334604143233859584_n
48587183_308241123119521_3334604143233859584_n
48587183_308241123119521_3334604143233859584_n
00:00:32Смотреть онлайн
VID_228641126_113107_686.mp4
VID_228641126_113107_686.mp4
VID_228641126_113107_686.mp4
00:00:52Смотреть онлайн
ဗိုလ်တထောင်ဘုရားကြီးမှာ CCTV အလုံးပေါင်း ၆၀ နီးပါးတပ်ဆင်ထား
ဗိုလ်တထောင်ဘုရားကြီးမှာ CCTV အလုံးပေါင်း ၆၀ နီးပါးတပ်ဆင်ထား--------- အကုန်သိ သတင်းဌာန --------ဗိုလ်တထောင်ဘုရားကြီးမှာ ဘုရားဖူးလာတဲ့ပြည်သူတွေ လုံခြုံမှုရှိစေဖို့ cctv တွေ အလုံးပေါင်း ၆၀ နီးပါး တပ်ဆင်ပြီးဖြစ်တယ်လို့သိရပါတယ်။ "အဓိကနေရာတွေမှာ ကြိုးပျောက် cctv တွေတပ်ထားပြီး တချို့သောဘုရားဖူးတွေ ပိုက်ဆံအိတ်ပျောက်သွားတာတို့ တစ်ခုခုဆိုရင် ပြန်အကူအညီပေးလို့ရပါတယ်။ နောက်ထပ် ဘုရားတစောင်းမှာ ရှိတဲ့ဆေးအလှူတော်တွေ၊ အလှူခံဘုံးတွေရှိတဲ့အတွက် ကောင်းမွန်တဲ့လုံခြုံရေးဖြစ်သွားတာပေါ့" လို့ ဗိုလ်တထောင်ဘုရား ဂေါပက ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းက ပြောပါတယ်။ရိုက်ကူး/တည်းဖြတ် - မာန်
ကရင်လူထုကို မူးယစ်ဆေးဝါးက ၀ါးမြိုသွားမှာကို စိုးရိမ်တဲ့ ၀န်ကြီးချုပ်
ကရင်လူထုကို မူးယစ်ဆေးဝါးက ၀ါးမြိုသွားမှာကို စိုးရိမ်တဲ့ ၀န်ကြီးချုပ်--------- အကုန်သိသတင်းဌာန ----------ကရင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုအရှိန်ကို ဆက်ပြီးထိန်းထားနိုင်ဖို့ ဒေသခံလူထုအားလုံးပူးပေါင်းပါဝင်ဖို့ လိုသလို ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ ပျံ့ နှံ့ ပြီး လူထုကိုပါ ၀ါးမြိုသွားမှာကို စိုးရိမ်နေမိတယ်လို့ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောပါတယ်။ ရိုက်ကူး - စာဘောသိုလ် ၊ တည်းဖြတ် - သီဟ
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၃၀)
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၂၃၀)------- Crimes 24 --------(၁) လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့ ဗိုလ်ကြီးနှစ်ဦးနဲ့ ၅ တန်းကျောင်းသူကို တပ်မတော်မှ ထောက်ပံ့(၂) ရပ်ထားတဲ့ ကုန်ကားကိုဝင်တိုက်မိတဲ့ ဆိုင်ကယ်ပေါ်ပါနှစ်ဦး သေဆုံး(၃) ကျပ်သိန်းပေါင်း ၁ သောင်းကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကိုဖမ်းမိ(၄) ဘာသာခြားလူမျိုး ၃ ဦးထံ ကျပ် ၂၃၄ သန်းတန်ဖိုးရှိ စိတ်ကြွဆေး ၁ သိန်းကျော်ဖမ်းမိCrimes 24 အစီအစဉ်ကို ညစဉ်(၉)နာရီတိုင်းပုံမှန်တင်ဆက်ပေးနေပါသည်။
ရွှေထူးနဲ့ ဆုံရမယ့်အခွင့်အရေး လက်လွှတ်ခဲ့ရတဲ့ စုလှိုင်ဝင်း
အဆိုတော် ရွှေထူးနဲ့ ဆိုတော့ ကိုယ်လည်း သဘောကျတယ်ပေါ့။ ဒါပေမဲ့ စာမေးပွဲနဲ့ တိုက်နေလို့ Cancel ဖြစ်သွားတယ်။ စာမေးပွဲနဲ့ တိုက်နေရင်တော့ ဘယ်ဟာမဆို အားလုံး Cancel ပါပဲ ။ရိုက်ကူးမေးမြန်း - နွယ်ဏီနှင့်အဖွဲ့  ၊ တည်းဖြတ် - ရဲထက်
VID_147841125_042159_674.mp4
VID_147841125_042159_674.mp4
VID_147841125_042159_674.mp4
00:01:00Смотреть онлайн
VID_352641122_005112_997.mp4
VID_352641122_005112_997.mp4
VID_352641122_005112_997.mp4
00:00:05Смотреть онлайн
တော်တော်အခြေအနေ ဆိုးနေပြီ :o :o :o
တော်တော်အခြေအနေ ဆိုးနေပြီ :o :o :o
ဆင်မလေး မိုမိုကနေ အသက်(၆၅)နှစ်ရှိလာပြီဖြစ်တဲ့ ဆင်မကြီး မိုမို
ဆင်မလေး မိုမိုကနေ အသက်(၆၅)နှစ်ရှိလာပြီဖြစ်တဲ့ ဆင်မကြီး မိုမို---------- အကုန်သိသတင်းဌာန ----------ငယ်စဉ်ကတည်းက ဖတ်စာအုပ်တွေမှာဖြစ်စေ၊ သီချင်းအချို့ မှာဖြစ်စေ ဆင်မလေး မိုမို လို့ လူသိများ ထင်ရှားခဲ့တဲ့ မိုမိုဟာ အောက်တိုဘာ ၂၁ ရက်မှာတော့ အသက် ၆၅ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အသက်အရွယ် အိုမင်းလာပြီဖြစ်တဲ့ ဆင်မကြီး မိုမိုဟာ ရန်ကုန်တိရိစ္ဆာန်ဥယျဉ်မှာ ပရိသတ်တွေကို ဖျော်ဖြေမှု မပေးနိုင်တော့ဘဲ အနားယူနေရပြီလို့ လည်း သိရပါတယ်။ တည်းဖြတ်တင်ဆက် - သီဟ
ထိုင်းမှာ မြန်မာအလုပ်သမားတွေ လူမှုဖူလုံရေးရန်ပုံငွေထည့်ပြီး ပြန်မရဟုဆို
ထိုင်းမှာ မြန်မာအလုပ်သမားတွေ လူမှုဖူလုံရေးရန်ပုံငွေထည့်ပြီး ပြန်မရဟုဆို------ အကုန်သိသတင်းဌာန ------"ထိုင်းဥပဒေမှာ မြန်မာအလုပ်သမားတွေ ၀င်ငွေထဲက ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ် ထည့်ရတယ်။ ထည့်ပြီးတော့ ကြက်သောက်ရေလိုပဲ။ ပြန်မရဘူး။ အသက် ၅၀ မပြည့်မချင်း ထိုင်းနိုင်ငံမှာ မည်သည့်အကြောင်းအရာပေါ်ပေါ် လက်ပြတ်၊ ခြေထောက်ပြတ်၊ ခန္ဓာကိုယ်အောက်ပိုင်းဒုက္ခိတဖြစ်သွားလို့ ပြန်ရင် လူမှုဖူလုံရေးရန်ပုံငွေ ထုတ်ယူလို့ရပါတယ်ဆိုတဲ့ စည်းမျဉ်းတွေက အဲဒီအလုပ်သမား မခံစားရဘူး" လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောလာပါတယ်။ရိုက်ကူး - မင်းသီဟန်၊ တည်းဖြတ် - သားကို
ပြည်သူများ၏အိမ်ကို အင်အားသုံးဖျတ်ဆီးမှုဖြင့် မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူးကို တရားစွဲ
ပြည်သူများ၏အိမ်ကို အင်အားသုံးဖျတ်ဆီးမှုဖြင့် မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူးကို တရားစွဲ----- အကုန်သိသတင်းဌာန ------ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတားအမှတ်(၂) ချဉ်းကပ်လမ်းနဲ့ မလွတ်တဲ့ နေအိမ် ၉၈ လုံးကို လျော်ကြေးပေး ရွှေ့ခိုင်းခဲ့ပေမယ့် အိမ် ၆ လုံးက ဖယ်မပေးခဲ့တာကြောင့် အင်အားသုံးဖယ်ရှားခဲ့သဖြင့် မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူးကို တရားစွဲလိုက်ပါတယ်။ရိုက်ကူး/တည်းဖြတ်/တင်ဆက် - သီဟ
VID_278441126_114713_670.mp4
VID_278441126_114713_670.mp4
VID_278441126_114713_670.mp4
00:00:59Смотреть онлайн
VID_138541120_162519_050.mp4
VID_138541120_162519_050.mp4
VID_138541120_162519_050.mp4
00:00:04Смотреть онлайн
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၃၂၇)
လွန်ခဲ့သော ၂၄ နာရီအတွင်းက နိုင်ငံတစ်ဝန်းမှာဖြစ်ပွားခဲ့သော မှုခင်းများ(၃၂၇)------- Crimes 24 --------(၁) လူချင်း မတော်တဆတိုက်မိရာမှ သေနတ်နဲ့ ပစ်သွား(၂) မုန့်စားခေါ်လို့ လိုက်မိရာမှ အဓမ္မပြုကျင့်ခံရဖို့ နီးစပ်ခဲ့တဲ့ အမျိုးသမီး(၃) ရည်းစားဖြစ်သူကို ဓါးနဲ့ ထိုးသတ်တဲ့ အမျိုးသား(၄) လူမနေတဲ့အိမ်မှာ ကြိုးဆွဲချသေသွားတဲ့ မိန်းမလျာCrimes 24 အစီအစဉ်ကိုညစဉ်(၉)နာရီတိုင်းပုံမှန်တင်ဆက်ပေးနေပါသည်။
"အားနေ ထမင်းစားတာကအစ ဖေ့စ်ဘုတ်ပေါ် မတင်ချင်ပါဘူး" လို့ ပြောလိုက်တဲ့ ဒိန်းဒေါင်ရိုက်ကူး - ထက်ပိုင်စိုး၊ နွယ်ဏီတည်းဖြတ် - ပြည့်စုံ#ဒိန်းဒေါင် #DainDaung
အကြိုက်တူရင် share ထားပေးနော်
အကြိုက်တူရင် share ထားပေးနော်
doc363504185_484041127.mp4
doc363504185_484041127.mp4
doc363504185_484041127.mp4
00:00:03Смотреть онлайн
နိုင်ငံခြားသားနဲ့ ဇာတ်ကားရိုက်တာမှာ ညှိနှိုင်းခဲ့ရတာတွေ ရှိတယ်ဆိုတဲ့ မေမြတ်နိုး
နိုင်ငံခြားသားနဲ့ ဇာတ်ကားရိုက်တာမှာ ညှိနှိုင်းခဲ့ရတာတွေ ရှိတယ်ဆိုတဲ့ မေမြတ်နိုး--------- အကုန်သိ ဆယ်လီ ----------" နိုင်ငံခြားကားဖြစ်တဲ့အတွက် သူတို့ ယဉ်ကျေးမှုနဲ့ မြန်မာယဉ်ကျေးမှုက မတူပါဘူး။ အများကြီးတော့ ညှိနှိုင်းရပါတယ်။ သူတို့ ဘက်ကလည်း ဇာတ်လမ်းအရ လုပ်ရတာတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ မြတ်နိုးဘက်ကလည်း ပြန်ပြီးတော့ ညှိတယ်ပေါ့နော် " - မေမြတ်နိုးရိုက်ကူးမေးမြန်းတည်းဖြတ် - နွယ်ဏီ ၊ ထက်ပိုင်စိုး
"ဆေးမှားရင် ဖြေဆေးရှိသလို ပြက်လုံးမှားရင်လည်း ဖြေတဲ့ပြက်လုံးရှိတယ်" လို့ ဆိုလိုက်တဲ့ တိမ်ညွန့်----- အကုန်သိသတင်းဌာန ------"လူရွှင်တော်ဆိုတာ အမှန်ကို အမှားနဲ့ လုပ်ပြောရတာ။ သရော်ရတာပေါ့။ ဒါကို ပရိသတ်တွေက ပြက်လုံးတစ်လုံး ပြက်ရင် ရိုင်းတယ်လို့ ပြောကြတယ်။ မရိုင်းပါဘူး။ စည်းကမ်းလေးတွေ ရှိခဲ့ပါတယ်။ ဖြေလုံးလေးတွေကို ရှာပြီးတော့ ဖြည်သွားပါ။ တန်းလန်းကြီးတွေ မထားပါနဲ့ " ဆိုပြီး လူရွှင်တော်ကြီး ဦးတိမ်ညွန့်က ပြက်လုံးပြတ်တဲ့အခါ အနာဂတ်လူရွှင်တော် လိုက်နာသင့်တဲ့ အကြောင်းအရာများကို အခုလို ပြောထားပါတယ်။ရိုက်ကူး/မေးမြန်း - နွယ်ဏီ၊ ထက်ပိုင်စိုးတည်းဖြတ် - သားကို
စနေသားသမီးတွေ အထင်လွဲပြီး အစွပ်စွဲခံရတတ်တယ်
စနေသားသမီးတွေ အထင်လွဲပြီး အစွပ်စွဲခံရတတ်တယ်------ အကုန်သိ ဗေဒင် ------မိုးလင်းမိုးချုပ် အလုပ်တွေ ပိနေတတ်တယ်။ ဆုံးဖြတ်ရခက်တဲ့ ကိစ္စလေးတွေလည်း ပေါ်ပေါက်မယ်။ မိမိအလုပ်မှာ တာဝန်ယူပြီး လုပ်ရတာတွေ အရမ်းများနေမယ်။ အိမ်ခြံမြေအရောင်းအ၀ယ်၊ ဆေးဝါးဖော်စပ်ခြင်း လုပ်ငန်းတွေ ဒီရက်ပိုင်း အဆင်ပြေမယ်။ အလုပ်မှာတော့ စေတနာနဲ့ ဘယ်လိုပဲလုပ်လုပ် ဝေဒနာဖြစ်သွားတတ်တယ်။ ဒါကိုတော့ အထူးသတိပြုပါ။အကုန်သိဗေဒင်အစီအစဉ်ကို နံနက်(၇)နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါတယ်။
Комментарии
Добавить комментарий
best